Blogroll

Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, August 27, 2014

(အဟောင်းစားသူ)

(အဟောင်းစားသူ)

ဘုရားရှင်လက်ထက်တော်အခါက သာဝတ္ထိပြည် မိဂါရသူဌေးကြီးထံမှာ ပုဏ္ဏ၀ဍ္ဎနအမည်ရှိတဲ့ သားတယောက်ရှိပါတယ် အဲဒီသူဌေးသားကလေး အရွယ်ရောက်တဲ့အခါမှာတော့ မိဘတွေက အိမ်ထောင်ရက်သားချပေးဖို့ သတို့သမီး အလိုရှိခဲ့ကြပါသတဲ့။ မိဘတွေဟာ လက္ခဏာဗေဒင်တတ်တဲ့ ပုဏ္ဏား ရှစ်ယောက်ကို သူတို့ကိုယ်စား အနယ်နယ်အရပ်ရပ်ကိုလွှတ်ပြီး ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ သတို့သမီး အရှာခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပုဏ္ဏားရှစ်ယောက်ဟာ သာကေတမြို့ကို ရောက်ရှိလာကြပါတယ်။ တမန်တော် ပုဏ္ဏားတွေဟာ ရေဆိပ်မှာထိုင်ပြီး သာကေတသူ ပျိုပျိုရွယ်ရွယ်တွေကို ကြည့်လို့ ဘယ်သူများ သူတို့သူဌေးသားလေးနဲ့ သင့်တော်မလဲလို့ ရှာဖွေခဲ့ကြတာပေါ့။

သာကေတမြို့ သူ ၀ိသာခါနဲ့ အဖွဲ့ဟာလည်း ရေဆိပ်မှာ ရောက်နေချိန်မို့ ပုဏ္ဏားတွေရဲ့ မျက်စိထဲမှာ ၀ိသာခါရဲ့  အလှဟာ ထင်းခနဲ မြင်သာနေခဲ့တာပေါ့။ ဖြစ်ချင်တော့ ဒီအချိန်မှာ မိုးတွေ လေတွေ ၀ုန်းခနဲ ရွာချပါတယ်။ အားလုံး ပြေးကြ လွှားကြ ဖြစ်ကုန်ကြပေမယ့် ဣနြေ္ဒကြီးတဲ့ ၀ိသာခါကတော့ ဣနြေ္ဒအပျက်မခံဘဲ မိုးခိုဇရပ်ရှိရာကို အေးအေးဆေးဆေး လှမ်းလာခဲ့ပါတယ်။ ပုဏ္ဏားတွေဟာ ကောင်းခြင်းငါးဖြာနဲ့ ပြည်စုံတဲ့ ၀ိသာခါကို သူတို့သူဌေးသားရဲ့  ဇနီးလောင်းအဖြစ်
ရွေးချယ်ကမ်းလှမ်းခဲ့ရာမှ ၀ိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီး လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ သာကေတမြို့က ဓနဉ္စယ သူဌေးကြီးရဲ့ သမီး ၀ိသာခါနဲ့ သာဝတ္ထိပြည်က မိဂါရသူဌေးကြီးရဲ့ သားတို့ ဖူးစာဆုံဖြစ်ခဲ့ကြတာပေါ့။ နှစ်ပြည်ထောင် သူဌေးကြီးတွေရဲ့ မိတ်ဆွေတွေ၊ ဓနအင်အားတွေနဲ့ မင်္ဂလာပွဲဟာ ခြိမ့်ခြိမ့်သဲသဲ ဖြစ်ခဲ့ပြီး
ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ ဓနဉ္စယ သူဌေးကြီးဟာ ယောက္ခမအိမ် ပါမယ့်သမီးအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေ လိုက်နာရမယ့် အချက်တွေကို သေချာသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတော့ သာဝတ္ထိပြည်ကနေ မင်္ဂလာပွဲကျင်းပရာကို လိုက်လာတဲ့ သူဌေးကြီးရှစ်ယောက်ကိုလည်း သမီးကို ကြည့်ရှုစောင့်ရှောက်ဖို့ အပ်နှံလိုက်ပါတယ်။

မိဂါရသူဌေးအိမ်ကို ရောက်တဲ့ ချွေးမ ၀ိသာခါဟာ ရောက်တဲ့နေ့ကစပြီး ချွေးမ၀တ္တရားကို ကျွေးပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ တာဝန်ကျေကျေ ဘာသာတရားနဲ့ ပတ်သက်လာတဲ့အခါမှာ တော့ ခုနစ်နှစ်သမီး အရွယ်ကတည်းက သောတာပန်ဖြစ်ခဲ့တဲ့ ၀ိသာခါဟာ ယောက္ခမကြီးတွေရဲ့ တိတ္တိကိုးကွယ်မှုအပေါ်မှာတော့ ဟန်ဆောင်ပန်ဆောင်တောင် တာဝန်မကျေနိုင်ခဲ့ပါဘူး။ အိမ်ကိုကြွလာ ကြတဲ့ အရှက်မရှိတဲ့ မလုံမခြုံ ပုံစံတွေနဲ့ တိတ္ထိတွေကို အမြင် ၀ိသာခါဟာ ချာခနဲ အိမ်ထဲလှည့်ဝင် သွားခဲ့ပါတယ်။ ဒီအမူအရာကို တိတ္တိရော
ယောက္ခမကြီးတွေရောက သေချာမြင်ခဲ့တာမို့ ဒေါသထွက်ကုန် ကြတော့တာပေါ့။ ဒါပေမယ့်လည်း သမီးယောက္ခမဖြစ်တာ မကြာသေးဘူးဆိုတော့ ယောက္ခမကြီးတွေဟာ သူတို့အမျက်ဒေါသကို ချုပ်ထိန်းထားခဲ့ပါတယ်။

ဒီလိုနဲ့ နောက်တနေ့အရောက်မှာ ၀ိသာခါတို့အိမ်ရှေ့ကို ရဟန်းတပါး ဆွမ်းခံရပ်လာခဲ့ပါတယ်။ ဒါကို ၀ိသာခါရဲ့ ယောက္ခမကြီးက ထမင်းစားနေရင်းနဲ့ လှမ်းမြင်နေသော်လည်း မမြင်ယောင်ပြုနေခဲ့ပါသတဲ့၊ ၀ိသာခါက ဒီအဖြစ်ကို မြင်ပြီးလက်အုပ်ချီလို့--

ဝိသာခါ။ ။ ခွင့်လွှတ်ပါ အရှင်ဘုရား၊ တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာ စားသုံးသူတယောက်မို့ ကန်တော့ဆွမ်းပါဘုရား။

ယောက္ခမ။ ။ ဟယ်--ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့် အသက်အရွယ်ကလေးနဲ့ ငါ့ကို အဟောင်းစားသူလို့ ပြောတာ အစွမ်းကုန် စော်ကားလိုက်တာပဲ၊ နင် ခုချက်ချင်း အိမ်ပေါ်က ဆင်းသွားစမ်း။

ဝိသာခါ။ ။ ကျွန်မမှာ အပြစ်မရှိပါ အဖေ၊ အဖေ မကျေနပ်ရင် ကျွန်မဖခင် အပ်လိုက်တဲ့ သူကြွယ် ရှစ်ယောက်ရှေ့မှာ ကျွန်မကို စစ်မေးနိုင်ပါတယ်။

ဒီလိုနဲ့ ချွေးမနဲ့ ယောက္ခမ အခြေအတင်ဖြစ်ပြီး သူကြွယ်ရှစ်ယောက်ပါ ကြားဝင်ရတဲ့အနေအထား ဖြစ်ကုန်တာပေါ့။ သူကြွယ်ရှစ်ယောက်က ၀ိသာခါကို အကျိုးအကြောင်းမေးကြတဲ့ အခါမှာ ၀ိသာခါ ဒီလိုဖြေရှင်းခဲ့ပါတယ်။

ဝိသာခါ။ ။ ဦးကြီးတို့၊ အဟောင်းစားသူဆိုတဲ့ အဓိပ္ပါယ်ဟာ မိုက်ရိုင်းတဲ့သဘောနဲ့ ပြောခြင်းမဟုတ်ပါဘူး။
ကျွန်မယောက္ခမဟာ ဒီဘ၀မှာ သူကြွယ်တဦး ဖြစ်နေပါလျက်နဲ့ ဘုရား ရဟန်းတို့ကို ဆွမ်းတလုတ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘ၀ဟောင်းက ကောင်းမှုအကျိုးကိုပဲ ခံစားပြီး၊ ခုဘ၀မှာ ဘာကောင်းကျိုးမှ မလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်။

ဝိသာခါရဲ့ ဖြေရှင်းချက်ဟာ ရဲရင့်မှန်ကန်နေတဲ့အတွက် သူကြွယ်ရှစ်ယောက်က မိဂါရသူဌေးကို အမျက်ပြေဖို့ ၀ိုင်းဝန်းနားချကြပါတယ်။ ၀ိသာခါကလည်း သူမ ဒီအိမ်မှာ ဆက်နေရမယ်ဆိုရင် ဗုဒ္ဓရှင်တော်ကို အတိအလင်း ကိုးကွယ်ခွင့်ရမှ နေမယ်လို့ ပြန်တောင်းဆိုတဲ့အတွက် ဒေါသဖြစ်မိတဲ့ ယောက္ခမကြီးလည်း လိုက်လျောဖို့ ဖြစ်ရတော့တာပေါ့။ ဒီလိုနဲ့ နောက်တနေ့မှာ ၀ိသာခါဟာ ဘုရားရှင်ရနဲ့ သံဃာတော်တွေကို အိမ်ကိုပင့်ပြီး ဆွမ်းကပ်ခဲ့ပါသတဲ့။ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတဲ့အခါမှာ ၀ိသာခါက ယောက္ခမကြီးကို တရားထွက်နာဖို့ အလိမ္မာနဲ့ ခေါ်ခဲ့ပါသတဲ့။

အများရှေ့မှာဆိုတော့ ယောက္ခမကြီးဟာ ငြင်းလို့လည်း မကောင်းတာနဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ခပ်ကွယ်ကွယ်လေးထိုင်ပြီး ဘုရားရှင်ကို မကြည့်ဘဲ တရားနာခဲ့ပါတယ်။
ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်က မိဂါရသူဌေးဟာ ဘုရားရှင်ရဲ့ တရားကို နာရင်းနာရင်းနဲ့ သစ္စာလေးပါး တရားမြတ်ကို သိမြင်နားလည်ပြီး သောတာပန်တည်ခဲ့ပါတယ်။ ဒီတော့မှ သူဟာ ကန့်လန့်ကာနောက်ကွယ်က ထွက်လာပြီး ဘုရားရှင်ကို ရိုသေစွာ ကန်တော့လို့ ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် စိတ်ရောကိုယ်ပါ ခံယူခဲ့ပါသတဲ့။ ဒါတွေအားလုံးဟာ ချွေးမအလိမ္မာ ၀ိသာခါရဲ့ စွမ်းဆောင်ချက်လို့ ပြောရမှာပါပဲ။
Photo: (အဟောင်းစားသူ)

Friday, August 8, 2014

(မြန်မာ့သတင်းမီဒီယာနှင့် Website များ)

(မြန်မာ့သတင်းမီဒီယာနှင့် Website များ)
BBCသတင်းဆိုဒ်အောက်ကလင့်ကသွားပါ
http://www.bbc.co.uk/burmese/
ဗီအိုအေသတင်းအောက်ကလင့်ကိုနှိပ်ပါ
http://burmese.voanews.com/
မိုးမခသတင်းအောက်ကလင့်ကနေသွားပါ
http://moemaka.com/
ဧရာဝတီသတင်းဆိုဒ်အောက်ကလင့်ကနေသွားပါ
http://burma.irrawaddy.org/
MRTV-4ဝပ်ဆိုဒ်အောက်ကလင့်ကနေသွားပါ
http://www.mrtv4.com.mm/
Bangkok Postအင်္ဂလိပ်ဘာသာဆိုဒ်အောက်ကနေသွားပါ
http://www.bangkokpost.com/

ဆရာတော်ကြီးများရဲ့ တရားတော်များ

ဆရာတော်ကြီးများရဲ့ တရားတော်များကိုတနေရာထဲမှာစုစည်းပေးထားတဲ့ဆိုဒ်ကောင်းလေးတခုပါအောက်ကလင့်ကနေသွားလိုက်ပါ
http://buddhismworld.ning.com/
☺☺☺ဗုဒ္ဓကမ္ဘာ☺☺☺
buddhismworld.ning.com