Blogroll

Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, August 24, 2015

တန်ဖိုး



တစ်ခါတုံးက တရုတ်ပြည် မှာ ရေထမ်း တဲ့လူ တစ်ယောက် ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။
အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်း ကနေ သူ့အိမ်ဘက် ရေသယ် လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက် ပဲ ပါသတဲ့။
ကျန်တဲ့ အိုးတစ်လုံး ကတော့ အပြစ် အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်း ကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။
ဒီလိုနဲ့ အိမ်ရောက်ရင် အိုး တစ်လုံး နဲ့ တစ်ဝက် ပဲ... ရေသယ် လာလိုက်တာ နှစ်နှစ်လောက် ကြာ သွားသတဲ့။ ဒီတော့ အိုး အကောင်းလေး က သူ့ ကိုယ်သူ သိပ်ဂုဏ်ယူ သတဲ့။ ငါက အပြစ် အနာအဆာ မရှိဘူး... ဒါကြောင့် များများ သယ်နိုင်တယ် လို့ အထင်ရှိနေတယ်တယ် တဲ့။
အက်နေတဲ့ အိုးကလေး က စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာ တယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများ လို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲ ၀မ်းနည်း နေတယ်တဲ့။
ဒီလိုနဲ့ တရက်မှာ အက်နေတဲ့ အိုးကလေး က ရေထမ်းသမား ကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့် အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင် သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ပြောမိတယ်။
အဲဒီ အခါမှာ ရေထမ်းသမား က ဘယ်လိုပြန်ပြောသလဲ ဆိုတော့... အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ် လမ်း တလျှောက်မှာ မင်း ရှိတဲ့ ဘက်ခြမ်း တစ်လျောက်လုံး ပန်းတွေ ပွင့်နေတာ မင်း သတိပြုမိရဲ့လား... တဲ့။
ငါက မင်း ရေစိမ့်နေ တယ် ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်း မှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ် လုံးလုံး ရေခပ်လမ်း က အပြန်မှာ မင်း က ဒီ ပန်းပင်လေးတွေ ကို ရေမှန်မှန် လောင်းပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ။
အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေ နဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့ အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...
သင်ခန်းစာ ။ ။ လူတိုင်း မှာ အားနည်းချက် လေးတွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီ အားနည်း ချက်ကလေး တွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...ပိုပြီး ချစ်စရာလည်း ကောင်းပါတယ်။
ဒီ အားနည်းချက် အတွက် သဘာဝ တရားကြီးက အစားတစ်ခုခု လည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင် မှ လည်း မြင်သာမယ်၊ ချက်ခြင်း ရချင်မှလည်းရမယ်။
မေတ္တာဖြင့်မျှဝေသည် အရှင်စန္ဒာဝရ(တောင်တွင်း)

facebook

ဦးမြင့် ခိုင် စိတ်ပညာ ဖတ်ပါ အလွတ်ကျက်ပါ ဖြန့် ဝေပါ

မိခင်ဝမ်းဗိုက်ကစထွက်တာ ထွက်လေနဲ့ 
အသက်ထွက်မှာက ဝင်လေ နဲ့ 
သေခါနီးရင် ဇောငါးတန်ပြန်မယ်
ကံနိမိတ် ကမ္မနမိတ် ကတိနမိတ် ဆိုတဲ့
နမိတ်သုံးမျိုး တခုခုလာမယ်
အမိဝမ်းနီနီကြီးမြင်ရင် လူပြန်ဖြစ်မယ်
တောတောင်သမုဒ္ဒရာတွေမြင်ရင် ပြိတ္တာဖြစ်မယ်
ရုန်းကန်အော်ဟစ်တာမျိုး ခွေးနက်ကြီးတွေ
မြင်တာမျိုးဆိုရင် ငရဲသွားရမယ်
လူတွေဟာ မကောင်းတဲ့အာရုံမှာ ကျင်လည်တာ
များတဲ့အတွက် ခေခါနီးအသက်ထွက်မဲ့အချိန်ကို
မကောင်းတဲ့ ကံက တွန်းပို့ မယ် အဲဒါကို
ဘုရားတရားအာရုံနဲ့ ချိန်းပေးရမယ်
ဘုရားရှင်ပေးတဲ့  ဥပမာက
နွားတွေကို နွားခြံထဲမောင်းသွင်းတဲ့အခါ
အလုအယက်တိုးဝှေ့ ဝင်ကြတယ် ခြေထောက်
ကျိုးတဲ့နွားကြီးတကောင်က မတိုးနိုင်လို့ 
နောက်ဆုံးမှ ဝင်ရတယ် ခြံဝမှာအိပ်ရတယ်
ဒါပေမဲ့ မနက်မိုးလင်းလို့ နွားခြံဖွင့်ရင် ခြေကျိုးတဲ့
နွားကြီးက အရင်ထွက်ရတယ်
အဲဒီဥပမာလိုပါပဲတဲ
သေခါနီးလူတရောက်ဟာ အသက်ထွက်မဲ့
အချိန်ကို ကောင်းတဲ့အာရုံတွေ မကောင်းတဲ့
အာရုံတွေဟာ အလုအယ်တိုးဝင်လာကြတယ်
ဒါပေမဲ့ နောက်ဆုံးထွက်သက်ကိုတော့
မကောင်းတဲ့အာရုံက နေရာဝင်ယူသွားပြီး
မကောင်းတဲ့ဘဝကို ရောက်ကြတာများပါတယ်တဲ့
ဒီသာသနာမှာ အကြီးကျယ်ဆုံးလှုခဲ့တဲ့
မလ္လိကာမိဘုရာကြီးဟာ ဘုရင်ကိုလိမ်ခဲ့ဘူးတဲ့
မကောင်းမှု့ လေးပဲရှိခဲ့ပေမဲ့ အသက်ထွက်တဲ့
အချိန်မှာ အဲဒီမကောင်းမှု့ လေးက နေရာဝင်ယူ
သွားလို့ သေတော့ ငရဲကို ၇ ရက် ကျသွားသတဲ့
အာရုံမချိန်းတက်လို့ 
၅၅ နှစ်လူသတ်ခဲ့တဲ့ ဓါးပြဗိုလ်ကြီးဟာ
၅၅ နှစ်လုံးလုံးလူသတ်ခဲ့ပေမဲ့ သေခါနီးမှာ
ကုသိုလ်အာရုံချိန်းနိုင်ခဲ့လို့ သေတော့
တုသိတာ နတ်ပြည်ကို ရောက်သွားသတဲ့
အာရုံချိန်းတက်လို့ 
မိတ်ဆွေတို့ ကျွန်တော်တို့ လည်း သေရင်
မကောင်းတဲ့ကံက အရင်တွန်းပို့ မှာ အသေအချာပါပဲ
အဲဒီအချိန်ကို ဘုရားတရားအာရုံနဲ့ ချိန်းပေး
နိုင်ဖို့ အင်မတန်အရေးကြီးလှပါတယ်
အဲဒီလိုပြောလို့  ဟာဒါဆို ဘာများအရေးကြီးလို့ လည်း
သေခါနီးကျရင်ချိန်းပေးလိုက်ယုံပေါ့လို့ တော့
လွယ်လွယ်မထင်ပါနဲ့ 
အဲဒီလိုချိန်းနိုင်ဖို့ က ကုသိုလ်တရားတွေ
များများလုပ်ထားမှ လွယ်လွယ်ကူကူ ချိန်းနိုင်မှာပါ
မလုပ်ထားရင်တော့ ချိန်းနိုင်ဖို့ မလွယ်ကူပါဘူး
လူသတ်ဗိုလ်ကြီး ချိန်းနိုင်တာက သေခါနီး
နည်းပေးလမ်းပြလုပ်ခဲ့တာ ဘုရားရှင်မို့ ပါ
ဒါ့ကြောင့်လွယ်ကူတာပါ
မိတ်ဆွေတို့  သေခြင်းတရားကို ဘုရားတရား
အာရုံနဲ့ ဖြတ်ကျော်နိုင်ကြပါစေ    

facebook